By using this site, you agree to the Privacy Policy and Terms of Use.
Accept
The Burmese Edition of Thailand NepalThe Burmese Edition of Thailand NepalThe Burmese Edition of Thailand Nepal
Notification Show More
Font ResizerAa
  • ထိုင်းအထူး
    ထိုင်းအထူးShow More
  • နိုင်ငံတကာ
    နိုင်ငံတကာShow More
  • နိုင်ငံရေး
    နိုင်ငံရေးShow More
    Barack Obama Rallies Support for Kamala Harris at DNC
    စက်တင်ဘာ 26, 2024
    US Troops Deployed to Cyprus Amid Escalating Concerns of Wider Middle East Conflict
    စက်တင်ဘာ 26, 2024
    Ohio Republicans are being very, very careful in correcting Trump and Vance
    စက်တင်ဘာ 26, 2024
    Trudeau Urges Global Leaders to Embrace Their Responsibilities at UN Summit of the Future
    စက်တင်ဘာ 26, 2024
    It’s Final: 12 Names on The 2025 Ballot for President, 9 for VP
    နိုဝင်ဘာ 29, 2021
  • နီပေါ အထူး
    နီပေါ အထူးShow More
  • ဖျော်ဖြေရေး
    ဖျော်ဖြေရေးShow More
    အမျိုးသမီးများနေ့ – အသံမဲ့နေသူတွေနဲ့ အသံတိတ်နေရသူတွေ
    မတ် 13, 2025
    Elif Shafak: Unraveling the Threads of Inspiration in Writing
    မတ် 13, 2025
    Smart Food Choices at the Family Level Can Alleviate Chronic Illnesses
    စက်တင်ဘာ 27, 2024
    Within one of the largest classical music festivals globally
    စက်တင်ဘာ 27, 2024
    Is This the Next Evolution of Electric Racing?
    စက်တင်ဘာ 27, 2024
  • မြန်မာ ဂေါ်ခါ
    မြန်မာ ဂေါ်ခါShow More
  • ရာဇဝတ်မှု
    ရာဇဝတ်မှုShow More
  • အမျိုးသား
    အမျိုးသားShow More
  • အားကစား
    အားကစားShow More
    Defeating McIlroy at Wentworth required a stroke of inspired brilliance
    စက်တင်ဘာ 26, 2024
    Ohtani’s Historic 50th Home Run Ball Available for $4.5 Million
    စက်တင်ဘာ 26, 2024
    Arsenal’s Teen Sensation Nwaneri Nets Twice in Dominant Win Over Bolton
    စက်တင်ဘာ 26, 2024
Reading: အမျိုးသမီးများနေ့ – အသံမဲ့နေသူတွေနဲ့ အသံတိတ်နေရသူတွေ
Font ResizerAa
The Burmese Edition of Thailand NepalThe Burmese Edition of Thailand Nepal
  • ထိုင်းအထူး
  • နိုင်ငံတကာ
  • နိုင်ငံရေး
  • နီပေါ အထူး
  • ဖျော်ဖြေရေး
  • မြန်မာ ဂေါ်ခါ
  • ရာဇဝတ်မှု
  • အမျိုးသား
  • အားကစား
Search
  • ထိုင်းအထူး
  • နိုင်ငံတကာ
  • နိုင်ငံရေး
  • နီပေါ အထူး
  • ဖျော်ဖြေရေး
  • မြန်မာ ဂေါ်ခါ
  • ရာဇဝတ်မှု
  • အမျိုးသား
  • အားကစား

16 Top of Our Favorite Outdoor Clothing Brands

ထိုင်းနီပေါ၏ မြန်မာဘာသာပြန်
ထိုင်းနီပေါ၏ မြန်မာဘာသာပြန်
ဩဂုတ် 29, 2021
FacebookLike
InstagramFollow
YoutubeSubscribe
TiktokFollow
Have an existing account? Sign In
Follow US
© Sisne Himal Media Pvt.Ltd. All Rights Reserved.
The Burmese Edition of Thailand Nepal > Blog > ဖျော်ဖြေရေး > အမျိုးသမီးများနေ့ – အသံမဲ့နေသူတွေနဲ့ အသံတိတ်နေရသူတွေ
ဖျော်ဖြေရေး

အမျိုးသမီးများနေ့ – အသံမဲ့နေသူတွေနဲ့ အသံတိတ်နေရသူတွေ

ထိုင်းနီပေါ၏ မြန်မာဘာသာပြန်
Last updated: မတ် 13, 2025 5:28 ညနေ
By
ထိုင်းနီပေါ၏ မြန်မာဘာသာပြန်
2 Min Read
Share
SHARE

စစ်အာဏာသိမ်းထားတဲ့မြန်မာမှာ အထွေထွေအကျပ်အတည်းတွေ ပိုကြီးမားလာတာကြောင့် အမျိုးသမီးအခွင့် အရေးချိုးဖောက်ခံရမှုတွေကို အကာအကွယ်ပေးမှု တဖြည်းဖြည်းအားနည်းလာတယ်လို့ အမျိုး သမီးအရေး လှုပ်ရှားသူတွေနဲ့ ကာယကံရှင်တွေက ဘီဘီစီကို ဖွင့်ဟပြောကြားပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေ ထိန်းချုပ်တဲ့နယ်မြေ နှစ်မျိုးစလုံးမှာ ပဋိပက္ခတွေ ကျယ်ပြန့်လာတာနဲ့အမျှ ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကလည်း ဆက်ရှိနေပါတယ်။

ဒါ့အပြင် မြန်မာ့ပြည်တွင်းစစ်မှာ ဘက်အသီးသီးကနေ လက်နက်ကိုင်ဝင်တိုက်ဖို့ အမျိုးသားဦးရေအင်အားလိုအပ်ချက်ကြီးလာတာကလည်း အမျိုးသမီးထုအပေါ် မိသားစုဝန်ထုပ်ဝန်ပိုးတွေ ပိုပိတဲ့အခြေအနေဆီကို တွန်းပို့နေပါတယ်။

တစ်ချိန်တည်းမှာပဲ အမျိုးသမီး အရေးလှုပ်ရှားသူတွေကိုယ်တိုင် လုံခြုံရေးနဲ့ ခြိမ်းခြောက်ခံရမှုတွေကြောင့် မြေပြင် ကွင်းဆင်းနိုင်တာမျိုး မရှိသလောက် ဖြစ်သွားသလို ဖွင့်ဟတိုင်ကြားသူတွေကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိလာတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

အသံမဲ့နေသူတွေ

စစ်အာဏာသိမ်းမှုအောက်မှာ ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတဲ့အထဲမှာ နိုင်ငံတဝန်း စစ်ရှောင်အမျိုးသမီးများစွာ ရှိနေပါတယ်။ ငွေကြေးမတတ်နိုင်လို့ စစ်ဖြစ်တဲ့နေရာမှာပဲ ကြိတ်မှိတ်နေရသူတွေရှိသလို အနေအထား ပျက်သွားတဲ့ မူလစီးပွားရေးကို စစ်ရှောင်ရင်း နေရာသစ်မှာ ပြန်လည်ရင်းနှီးလုပ်ကိုင်ရသူတချို့လည်း ရှိပါတယ်။

ဒီထဲမှာ စစ်ရေးပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့က စစ်ရှောင်လာတဲ့ စီးပွားပျက်သွားရတဲ့ ကလေးမိခင်တစ်ဦး ပါ၀င်ပါ တယ်။

“ ဗန်းမော်မှာ အလှပြင်ဆိုင်ဖွင့်ခဲ့တာ။ ဒီရောက်တော့ အလှပြင်တတ်တာ လူသိအောင် ကြော်ငြာ တဲ့သဘောတော့ ပြောထားရတယ်။ အခုထိကတော့ အခြေမကျသေးဘူး” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်မှာ စစ်ကောင်စီက အကောင်အထည်ဖော်ခဲ့တဲ့ စစ်မှုမထမ်းမနေရအမိန့်ကြောင့်လည်း အမျိုးသမီးတွေ ရှေ့ထွက် အလုပ်လုပ်ရတာတွေ ရှိလာခဲ့ပါတယ်။ တိုင်းရင်းသားဒေသတွေမှာဆို စစ်ကောင်စီကရော အဲဒီဒေသတွေမှာ နယ်မြေစိုးမိုးလှုပ်ရှားတဲ့ အဖွဲ့အစည်းပေါင်းစုံကပါ အမျိုးသားတွေကို စစ်မှုထမ်းစုဆောင်းတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာပါတယ်။

“ ဘွဲ့ရတစ်ယောက်အနေနဲ့ တစ်လဝင်ငွေ သုံးသိန်းရဖို့ စက်ရုံအလုပ်လည်း မလုပ်နိုင်ဘူး။ အိမ်မှာ မိအိုဖအိုနဲ့ ကလေးအငယ်နဲ့ဆိုတော့။ သူများအိမ်မှာ သန့်ရှင်းရေးအဝတ်လျှော် လူလိုရင် ခေါ် ပါလို့ ဖုန်းနံပါတ်နဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲ လိုက်တင်ရတာ။ ဒါတောင်တစ်လမှ လေးငါးအိမ်ပဲ။ ပြီးတော့ အွန်လိုင်းကဆိုတော့ တချို့ကလည်း မယုံလို့ မခေါ်ကြတာတွေ ရှိတယ်” လို့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သူကတော့ ခင်ပွန်းက နိုင်ငံရေးပုဒ်မ ၅၀၅ နဲ့ အင်းစိန်ထောင်မှာ ထောင်ကျနေပြီး အရင်က မောင်ဖြစ်သူရဲ့ လုပ်စာနဲ့ မိသားစု စားဝတ်နေရေးဖြေရှင်းနိုင်ခဲ့ပါတယ်။ ခုတော့ မောင်ဖြစ်သူလည်း စစ်မှုထမ်းကိုစိုးရိမ်လို့ နေအိမ်ကနေ ထွက်ခွာသွားပြီဖြစ်လို့ မိသားစု တာဝန်က သူ့ပခုံးပေါ်ရောက်လာခဲ့ပါတယ်။

ဒ့ါအပြင် အိမ်ထောင်ဦးစီးယောကျ်ားသားမရှိတဲ့ ဘဝမှာ ပတ်ဝန်းကျင်က ထိကပါးရိကပါး လုပ်တာတွေကို မတိုင်ရဲဘူးလို့ ဆိုပါတယ်။

“ သွားတိုင်မှ အုပ်ချုပ်ရေးမှူးက သတိရပြီးကိုယ့်မောင်လေးကို ရန်ရှာမှာလည်း ကြောက်တယ်။ ခု ယောကျ်ားက ထောင် ၃ နှစ်ကျတာ လျှော့ရက်နဲ့ဆို ဒီနှစ်ကုန်လောက် လွတ်လာမှာ။ အရင်က သူလွတ်မယ့်ရက် မျှော်တယ်။ ခု သူ့အသက်က ၃၂ ဆိုတော့ ထောင်ကထွက် လာရင် စစ်ထဲခေါ်ခံရမှာစိုးတယ်။ ထောင်ပဲ ဆက်ကျနေပါလို့ ဆုတောင်းရမလိုပဲ” လို့ သူက ဆိုပါတယ်။

အခုနောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ နယ်မြေစိုးမိုးထားတဲ့ ဗန်းမော်ခရိုင်ထဲမှာရှိတဲ့ မြေရှားတူးဖော်တဲ့ နေရာတွေ မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာတွေကိုလာရောက်ရင်ဖွင့်တိုင်တန်းတာတွေရှိလာတယ်လို့ အမျိုးသမီးရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

“ မြေရှားလုပ်ကွက်တွေမှာရှိတဲ့ စားသောက်ဆိုင်တို့ စျေးဆိုင်တို့မှာ စားပွဲထိုးတို့ အကူတို့ သွားလုပ်ကြရတယ်။ အဲဒီမှာ အမျိုး သမီးတွေကို သားမယားအဖြစ် လက်မခံရင် အလုပ်အကိုင် မပေးတာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်း ဖက်တာ။ စော်ကားတာတွေ ကြုံရတယ်။ သူတို့ကို ပြန်ချေပတဲ့ အမျိုးသမီးတွေကို ဆိုရင်တော့ အလုပ်ထုတ်လိုက်တယ်။ လုပ်အားခတွေကို မပေးဘဲ ပြန်လွှတ်လိုက်တာတွေရှိတယ်” လို့ တိုင်တန်းမှုတွေကို ပြန်ပြောပြပါတယ်။

ဒီလို KIA ထိန်းချုပ်နယ်မြေထဲက ဒီလို ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ သိရှိအရေးယူမှုရှိသလားဆိုတာကို KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူထံ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

Share This Article
Facebook Copy Link
Leave a Comment

ပြန်စာထားခဲ့ပါ။ ပြန်စာ ပယ်ဖျက်ပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Long-Term Care Needs Among Retirees Varies Widely, New Research Shows

ထိုင်းနီပေါ၏ မြန်မာဘာသာပြန်
ထိုင်းနီပေါ၏ မြန်မာဘာသာပြန်
ဩဂုတ် 30, 2021
FacebookLike
InstagramFollow
YoutubeSubscribe
TiktokFollow

Trending

11 of the Best TV Shows to Watch This October

As the leaves turn golden and temperatures drop, October brings with it a cozy invitation…

စက်တင်ဘာ 24, 2024

UFC Reaches Agreement on £281 Million Payment to Former Fighters

In a landmark decision, the Ultimate Fighting Championship (UFC) has agreed to a new payment…

စက်တင်ဘာ 27, 2024

8 Mistakes That Will RUIN Your Weekend Trips Plan

And then there is the most dangerous risk of all, the risk of spending your…

ဩဂုတ် 30, 2021
ဖျော်ဖြေရေး

Elif Shafak: Unraveling the Threads of Inspiration in Writing

Renowned novelist Elif Shafak recently shared her insights into the wellsprings of her creativity, shedding light on the experiences and influences that drive her literary works. With a unique ability…

ထိုင်းနီပေါ၏ မြန်မာဘာသာပြန်
မတ် 13, 2025

Your may also like!

ဖျော်ဖြေရေး

အမျိုးသမီးများနေ့ – အသံမဲ့နေသူတွေနဲ့ အသံတိတ်နေရသူတွေ

ထိုင်းနီပေါ၏ မြန်မာဘာသာပြန်
မတ် 13, 2025
ဖျော်ဖြေရေး

Elif Shafak: Unraveling the Threads of Inspiration in Writing

ထိုင်းနီပေါ၏ မြန်မာဘာသာပြန်
မတ် 13, 2025
ဖျော်ဖြေရေး

Smart Food Choices at the Family Level Can Alleviate Chronic Illnesses

ထိုင်းနီပေါ၏ မြန်မာဘာသာပြန်
စက်တင်ဘာ 27, 2024
ဖျော်ဖြေရေး

Within one of the largest classical music festivals globally

ထိုင်းနီပေါ၏ မြန်မာဘာသာပြန်
စက်တင်ဘာ 27, 2024

Our website stores cookies on your computer. They allow us to remember you and help personalize your experience with our site.

Read our privacy policy for more information.

Quick Links

Advertise with us

Socials

Follow US
Welcome Back!

Sign in to your account

Username or Email Address
Password

Lost your password?